သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆူမိုကို ဂျပန်လူငယ်တွေ စိတ်ဝင်စားသေးလား

28 မေ 2014 15:34 GMT နောက်ဆုံး ရေးသားသည်။

ဆူမိုလို့ ပြောလိုက်ရင် ဖြူဖြူထွားထွား ဂျပန် နပန်း သမားကြီးတွေကို ပြေးမြင်မိမှာပါ။

အဲဒီ ဆူမိုကို ဂျပန်မှာ လူကြိုက်များ ပေမယ့် အခုတော့ ဂျပန် လူမျိုး ဆူမိုတွေ ထပ်ပြီး ပေါ်ထွက် မလာတော့မှာကို စိုးရိမ်နေကြပါတယ်။ အကြောင်းက ဆူမိုတယောက်ဖြစ်လာဖို့ လေ့ကျင့် ရတာ အင်မတန် ခက်ခဲလှတာမို့ ဂျပန် လူငယ်တွေထဲ စိတ်ဝင်စားမှု နဲလာ နေလို့ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ဆူမို ပြိုင်ပွဲတွေမှာ ဟာဝိုင်အီတို့ မွန်ဂိုးလီယားတို့ ဘူလ်ဂေးရီးယား တို့ ဆီက နပန်းသမားတွေပါ ခေါ်ယူ လေ့ကျင့် ပေးနေရပါတယ်။ အကြောင်းစုံကို ဒေါ်ယဉ်ယဉ်မေက တင်ဆက်ပေး ထားပါတယ်။