သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘရာဇီး ပြည်သူတွေရဲ့ ဘောလုံးရင်ခုန်သံ

12 ဇွန် 2014 16:20 GMT နောက်ဆုံး ရေးသားသည်။

ဘရာဇီးမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စဖို့ နာရီပိုအလိုမှာပဲ ဆာပေါ်လိုမြို့မှာရဲနဲ့ ဆန္ဒပြသူတွေ ထိတ်တိုက်တွေ့လို့ လူ ၁ ဦး ဒဏ်ရာ ရသွား ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဆန္ဒပြတာတွေ နဲ့ ကန့်ကွက်မှုတွေအများကြီး ရှိနေတဲ့ ကြားမှာပဲ အခုနီးလာတော့လည်း အားလုံးစိတ်လှုပ်ရှားစွာနဲ့ ခရာ မှုတ်မယ့် အချိန်ကို စောင့်နေကြပြီပေါ့ခင်ဗျား။

၁ လကြမယ့် ပြိုင်ပွဲကြီးမှာ ၃၂ သင်း ဝင်ယှဉ်ပြိုင်ကြပါပြီ။

ရီယိုမြို့မှာ ကျင်းပမယ့် ဖိုင်နယ်ကို ဘယ်၂ သင်း တက်ကြမလဲ စောင့်မျှော် ကြရအောင်ပါ။ အရင်ဆုံး ဘရာဇီး ပြည်သူ တွေရဲ့ ဘောလုံး ရင်ခုန်သံတွေကို နားဆင် ရအောင်ပါ။ ကိုမင်းထက်က တင်ဆက်ပေးမှာပါ။