Iraq
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ် စစ်သွေးကြွတွေက မြို့တွေကို လိုက်သိမ်း

  • 13 ဇွန် 2014

အီရတ်မှာ အစ္စလမ္မစ် စစ်သွေးကြွတွေကနေ လူတွေကို အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဆွန်နီ ဦးဆောင်တဲ့ အစ္စလမ္မစ်တွေဟာ မိုဆူးလ်နဲ့ တိကရစ်မြို့တွေ သိမ်းပိုက်ခဲ့ပြီး အခုဆိုရင် အီရန် နယ်စပ်နဲ့ ဘဂ္ဂဒက်မြို့တော်နားထိ ရောက်နေကြပါပြီ။ အဲဒီနားက မြို့တွေကိုလည်း သိမ်းထားလိုက်ပြီလို့ သိရပါတယ်။ အမေရိကန်ကတော့ စစ်ရေးအပါအဝင် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ကြည့်နေတယ်လို့ ဆိုပါတယ်။