speakers' corner
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်စွာ ပြောဆိုခွင့် မွေးဖွားရာ လန်ဒန် Speakers Corner

  • 19 ဇွန် 2014

ကမ္ဘာကျော် အတွေးအခေါ်ဆရာကြီး တွေ ဖြစ်ကြတဲ့ George Bernard Shaw, Karl Marx နဲ့George Orwellတို့ စပြီး ဟောခဲ့ပြောခဲ့ကြတဲ့ Speakers Corner ခေါ်တဲ့နေရာတခု လန်ဒန် ဟိုက်ပါ့ခ် ပန်းခြံမှာ ရှိပါတယ်။

သူတို့မှ မဟုတ်ပါဘူး ဘယ်သူမဆို အဲဒီနေရာမှာ ကိုယ်ကြိုက်တာကို ရဲရဲဝံ့ဝံ့ ဟောပြောနိုင်ပါတယ်။

အဲဒီနေရာဟာ သက်တမ်း နှစ် ၁၅၀ ရှိခဲ့ပြီ ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ မွေးဖွားရာလို့တောင် တချို့က အမွန်းတင်ထားတာပါ။ အခု အဲဒီနေရာကို ပြုပြင် မွန်းမံလို့ နေကြပါတယ်။

အကြောင်းစုံ ကို မမေစန္ဒီ က တင်ဆက်ပေးမှာပါ။