refugee
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘာမှာ ဒုက္ခသည်အရေအတွက် တိုးလာ

  • 20 ဇွန် 2014

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ စစ်တမ်းအသစ်အရ ပြီးခဲ့တဲ့နှစ်အတွင်းမှာဆို ဒုက္ခသည် အရေအတွက်တွေ သိသိသာသာ တိုးလာပြီး ၂၀၁၃ ခုနှစ်ထဲမှာ ဒုက္ခသည်ပေါင်း သန်း ၅၀ ကျော် ရှိနေပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းအများဆုံးလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ ဆီးရီးယား ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံနဲ့ တောင်ဆူဒန်တို့မှာ အရေအတွက် သိသိသာသာကို တိုးလာခဲ့တာပါ။ ကိုမိုးမြင့်က ပြောပြမှာပါ။