israel
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါလက်စတိုင်း လူငယ်အလောင်း ပြန်မရသေး

မနေ့က သေဆုံးလျှက် တွေ့ခဲ့ရတဲ့ ပါလက်စတိုင်း လူငယ်ရဲ့ အလောင်းပြန်ရဖို့ သူမိသားစုက စောင့်ဆိုင်းနေဆဲပါ။ မိုဟာမက်အဘူး ကဒဲရဲ့အသုဘ ကျင်းပရမှာ ဖြစ်ပေမယ့် အစ္စရေးကရင်ခွဲစစ်ဆေးမှုလုပ်တာကိုစောင့်နေရတယ်လို့သူ့အဖေက ပြောပါတယ်။

ဒီဆယ်ကျော်သက် လူငယ်ကို အစ္စရေးဆယ်ကျော်သက် ၃ ယောက် အသတ်ခံခဲ့ရတဲ့ အပေါ်လက်စားခြေသတ်ဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။

မနေ့ညကတော့ ဂါဇာ ကမ်းမြှောင်တလျှောက်မှာအစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ ဒါဟာ ဂါဇာ ထဲကနေ ဒုံးကျည်တွေနဲ့လှမ်းပစ်တာကိုတုန့်ပြန်တာလို့ အစ္စရေးဘက်က ပြောပါတယ်။

အဲဒီကအခြေအနေတွေကို ဦးကိုကိုအောင်က ပြောပြမှာပါ။