gaza
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂါဇာက ပါလက်စတိုင်းတွေ ရှောင်ပြေးနေရ

  • 14 ဇူလိုင် 2014

အစ္စရေးက ရှောင်ပြေးဖို့ ပြောလာပြီ ဖြစ်လို့ ပါလက်စတိုင်း လူမျိုးတွေ ဂါဇာမြောက်ပိုင်းကနေ ရှောင်ပြေးနေကြပါပြီ။ မနေ့ညပိုင်းကလည်း အစ္စရေးက လေကြောင်းကတိုက်ခိုက်ခဲ့ပြီး အခုတပတ်အတွင်းမှာတင် လူပေါင်း ၁၇၂ ဦး သေဆုံး ခဲ့ရပြီလို့ ပါလက်စတိုင်း ဘက်က ပြောပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွ တွေဘက်ကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက် နေဆဲပါ။ အစ္စရေးကတော့ သူတို့က ဟာ့မတ်စ်ရဲ့ ဒုံးကျည် ပစ်လွှတ်တဲ့ နေရာတွေကိုပဲ ပစ်မှတ်ထား နေတယ်လို့ ဆိုပါတယ်။