မိုဘီဂျီနို နဲ့ ဟားဗတ် ရူပဗေဒကျောင်းသား

  • 18 ဇူလိုင် 2014
Zin Lin, MobiGeno, Harvard, Physics
Image caption ဟားဗတ်တက္ကသိုလ်က ကိုဇင်လင်း

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ ကမ္ဘာကျော် တက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ ဟားဗတ် တက္ကသိုလ်က မြန်မာကျောင်းသား တစ်ဦးအကြောင်း တင်ဆက် ပေးထားပါတယ်။

မန္တလေးမြို့က ကိုဇင်လင်းဟာ ဟားဗတ်တက္ကသိုလ်ရဲ့ အင်ဂျင်နီယာနဲ့ အသုံးချသိပ္ပံကျောင်းမှာ ရူပဗေဒ ပညာ သင်ယူနေတာ ဖြစ်ပါတယ်။

Ph.D ဒေါက်တာဘွဲ့ သင်တန်းက ဒုတိယနှစ် ကျောင်းသား ဖြစ်ပါတယ်။ သူလေ့လာနေတဲ့ သိပ္ပံဘာသာရပ် အကြောင်း မိုဘီ ဂျီနို ပရိတ်သတ်တွေနဲ့ ဝေမျှထားပါတယ်။

အစီအစဉ်နားဆင်ရန်

မိုဘီဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation ( Mobi - Geno ) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို နှိပ်ပါ BBC Burmese facebook က Message ဆိုတဲ့နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။