Gaza
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြင်းထန်ဆဲ

အစ္စရေးစစ်တပ် ဂါဇာ ကမ်းမြှောင်က ပါလက်စတိုင်းလက်နက်ကိုင် ဟာမတ်စ်ရဲ့ပစ်မှတ်တွေကို ပြန်တိုက်ခိုက်နေတယ်လို့ပြောပါတယ်။ မနေ့ညက အီဂျစ်က ကြားဝင်စေ့စပ်ပေးလို့ အစ္စရေး ဘက်က အပစ်ရပ်ဖို့ သဘောတူထားခဲ့တာပါ။ ဒါပေမယ့် ဟာမတ်စ်က သူတို့ဆီကို တရားဝင်ဘာမှဆက်သွယ်လာတာ မရှိဘူးလို့ငြင်းဆိုခဲ့ပြီး ဒီနေ့မနက်ပိုင်း ဂါဇာကနေပြီး အစ္စရေးဘက်ကို ဒုံးကျည် ၅၀ ကျော်လှမ်းပစ်ခဲ့ပါတယ်။