သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အများပြည်သူ အန္တရာယ်ကင်းရှင်းရေး

  • 19 ဇူလိုင် 2014

မြန်မာနိုင်ငံမှာ ဈေးသွားရင်း ဓါတ်ကြိုး ပြတ်ကျပြီး သေဆုံး နိုင်သလို၊ ညအမှောင်မှာ ပလက်ဖောင်း အပေါက်ထဲ ပြုတ်ကျပြီးလည်း သေဆုံးနိုင်ပါတယ်။

တိုက်အမြင့်ကြီးတွေပေါ်ကနေ ပြတင်းတံခါးမှန် လူပေါ်ပြုတ်ကျလို့ သေဆုံးတာတွေရှိသလို အဝေးပြေးလမ်းမပေါ်မှာ ခရီးသွားရင်းလည်း မတော်တဆမှုတွေ ခဏခဏဖြစ်ပြီး သေဆုံးမှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အသက်ရှင်နေထိုင်ရတာဟာ တခြားနိုင်ငံတွေမှာထက် မတော်တဆ သေဆုံးဖို့ အကြောင်းပိုများနေပါသလား။

သာမန် လူတွေရဲ့ အသက်အန္တရာယ်ကင်းရှင်းရေး၊ မတော်တဆထိခိုက်မှုကာကွယ်ရေးကို ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရဌာနတွေနဲ့ နိုင်ငံတော် အစိုးရတို့က ဘယ်လောက်အထိ တာဝန်သိသိနဲ့ စဉ်းစားဆောင်ရွက်ကြပါသလဲ။

တရားဥပဒေအရရော ဘယ်လောက်အကာအကွယ် ပေးထားပါသလဲ။