mh17
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မလေးရှား လေယာဉ်ပျက်က အလောင်းတွေကို မှုခင်းဆေးပညာရှင်တွေ စတင်စစ်ဆေး

  • 21 ဇူလိုင် 2014

ယူကရိန်း အရှေ့ပိုင်းက တောရက်ဇ်မြို့အနီးမှာ ပျက်ကျခဲ့တဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ပျက် ရှိရာက အလောင်းတွေကို ဒတ်ချ် မှုခင်းဆေးပညာရှင်တွေက စတင် စစ်ဆေး နေကြပါပြီ။

အဲဒီ အလောင်းတွေကို လေယာဉ်ပျက်ကျတဲ့ နေရာ အနားမှာ ရှိတဲ့ ရထားတွဲ ထဲမှာထည့်ထားတာပါ။

အဲဒီရထားကလည်းဒီနေ့ အနှောင်းပိုင်းမှာ ထွက်ခွာသွားဖို့ ရှိတယ်လို့သိရပေမယ့် ဘယ်ကိုသွားမလဲဆိုတာ မသိရသေးပါဘူး။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ အနီးက ဒေါညက်စ်မြို့မှာတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေတယ်လို့ သတင်းရရှိပါတယ်။

အဲဒါကြောင့် အခု လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက်လာနိုင်လို့ အဲဒီ အပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အဲဒီက အခြေအနေတွေကိုတော့ မမေစန္ဒီက ပြောပြပေးမှာပါ။