train_ukraine_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လေယာဉ်ပျက်က အလောင်းတွေ ပြန်သယ်ထုတ်လာ

  • 22 ဇူလိုင် 2014

ယူကရိန်း အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ပေါ်မှာ ပါသွားသူ ၂၉၈ ယောက် ထဲက အများစုရဲ့ ရုပ်အလောင်း တွေကို သယ်ယူလာတဲ့ ရထားဟာ အစိုးရ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ ခါခိဗ် မြို့ ကို ရောက်လာပြီဖြစ်ပါတယ်။

မနက်ဖန်မှာ အဲဒီကနေ နယ်သာလန်ကို လေကြောင်းနဲ့ သယ်ယူသွားမှာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျတဲ့ အနားမှာလည်း ရုရှားယိမ်း တပ်ဖွဲ့တွေက အပစ်ရပ် ကြေညာ ထားပါတယ်။ ဒါပေမယ့် ပျက်ကျခဲ့တဲ့ အစိတ်အပိုင်းတွေ အကြီးအကျယ် လက်ရာ ခြေရာပျက်အောင် လုပ်ခဲ့တာတွေ ရှိတယ်လို့ စွပ်စွဲသံတွေလည်း ထွက်လာ နေပါတယ်။ အကြောင်းစုံကို မမေစန္ဒီက ပြောပြ ပေးမှာပါ။