netherlands
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မလေးရှား လေယာဉ်ပေါ် ပါသူတွေရဲ့ ရုပ်အလောင်းတချို့ နယ်သာလန်ရောက်

  • 23 ဇူလိုင် 2014

ယူကရိန်း အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားခဲ့သူ တွေရဲ့ ရုပ်အလောင်း တွေကို ယူကရိန်း နိုင်ငံကာကိဗ် မြို့ကနေ နယ်သာလန် နိုင်ငံအိုင်ဟိုဗင်မြို့ဆီ ကို လေယာဉ် ၂ စင်းနဲ့ ပြန်သယ်လာပါပြီ။

အဲဒီ လေယာဉ်ပျက်ကျတဲ့ အထဲပါသွားသူတွေ ထဲမှာ အများစုက နယ်သာလန် နိုင်ငံက ဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း ဒီနေ့ကို ဝမ်းနည်းကျေကွဲခြင်း ကြေညာထားပါတယ်။

အကြောင်းစုံကို မမေစန္ဒီ က ပြောပြ ပေးမှာပါ။