သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 7 ဩဂုတ် 2014
Image caption အာဆီယံ ဒေသတွင်းအစည်းအဝေး

မြန်မာနိုင်ငံမှာ အာဆီယံဒေသတွင်းဖို ရမ်နဲ့လုံခြုံရေး ဆိုင်ရာအစည်းအဝေးတွေတက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဆိုက်ရောက်နေပါတယ်။ တချိန်ထဲမှာဘဲ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ နောက်ကြောင်း ပြန်လှည့်နေတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားဖို့ လွှတ်တော်အမတ် ၇၀ကျော်က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေး အပြောင်းလဲတွေ တကယ်ဘဲ နောက်ဆုတ်သွားပြီလား အမေရိကန် အပါအဝင် နိုင်ငံတကာက ဘာဆက်လုပ်နိုင်မလဲ။ ဒီအကြောင်း MPC မှဒေါက်တာ မင်းဇော်ဉီး ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ လွှတ်တော်အမတ် ဒေါ်ဒွဲဘူ စာရေးဆရာ တူမောင်ညိုတို့ ပါဝင်ဆွေးနွေး ထားပါတယ်။