iraq
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ် အစ္စလာမ်မစ် စစ်သွေးကြွေတွေကို အမေရိကန် လေကြောင်းက တိုက်ခိုက်

  • 8 ဩဂုတ် 2014

အီရတ် မြောက်ပိုင်းက အစ္စလာမ်မစ် စစ်သွေးကြွ တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပါပြီ။ ကားဒစ်ရှ် တပ်ဖွဲ့တွေ ခုခံနေတဲ့အဘီးလ်မြို့ဆီ ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကို ပစ်မှတ် ထားခဲ့တာလို့ ပဲန်တဂွန်က ပြောပါတယ်။ အီရတ် ခရစ်ယာန်တွေနေထိုင်တဲ့ ကာရာကို့ရှ်ကို စစ်သွေးကြွတွေက သိမ်းလိုက်လို့ မြို့ခံတွေ ထွက်ပြေး နေရ ပြီး ယာဇီဒီးစ် ၅၀၀၀၀ လောက်လည်းတောင်တွေပေါ်ကို ပြေးခဲ့ရပါပြီ။ အကြောင်းစုံကို ကိုကျော်စွာက ပြောပြ ပေးမှာပါ။