yazidis
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယာဇီးဒီး တွေကို ရဟတ်ယာဉ်နဲ့ အကူအညီပေး

  • 12 ဩဂုတ် 2014

အီရတ်မှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ ထိုးစစ်တွေကြောင့် အီရတ်လူမျိုး ထောင်ပေါင်းများစွာ အိုးပစ် အိမ်ပစ် ထွက်ပြေး နေကြရပါတယ်။ နိုင်ငံမြောက်ပိုင်းမှာတော့ အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်လို့ ဒီအဖွဲ့တွေ အရှိန်လျော့သွားခဲ့ပါတယ်။

ဒါပေမယ့် ယာဇီးဒီး လူနည်းစု တွေကတော့ ခုထက်ထိ ဆင်းဂျားတောင်တွေပေါ်မှာ ပုန်းနေရဆဲပါ။ အဲဒီလူတွေအတွက်အကူအညီပေးတဲ့ ရဟတ်ယာဉ်ပေါ်မှာ ဘီဘီစီက လိုက်ပါသတင်းယူနိုင်ခဲ့ပါတယ်။ အကြောင်း စုံကို ကိုကျော်စွာက ပြောပြပေးမှာပါ။