iraq
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ်မြောက်ပိုင်း ကုလသမဂ္ဂက အမြင့်ဆုံး အရေးပေါ် အခြေအနေ ကြေညာ

  • 14 ဩဂုတ် 2014

အီရတ် မြောက်ပိုင်းမှာ အစ္စလာမ်နိုင်ငံ စစ်သွေးကြွ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူမှုကူညီကယ်ဆယ်ရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေ တိုးလာနေပါတယ်။ ကုလသမဂ္ဂကလည်း အဲဒီ ဒေသမှာ အမြင့်ဆုံး အရေးပေါ် အခြေအနေကို ကြေညာ လိုက်ပါတယ်။

ကားဒစ်ရှ် လူမျိုးတွေရဲ့ ဒိုးဟုခ်ပြည်နယ် ကိုတင် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲလောက် ရောက်လာကြပါတယ်။ အဲဒီ ထဲက တချို့ဆို အဝိုင်းခံနေရတဲ့ ဆင်းဂျားတောင်တွေကနေ ဘေးလွတ်ရာကို ရက်နဲ့ ချီပြီး ခြေလျင် ထွက်ပြေးခဲ့ကြရပါတယ်။

အကြောင်းစုံကိုတော့ မမေစန္ဒီ ပြောပြ ပေးမှာပါ။