al_abadi
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ်မှာ အဲလ် အဘာဒီ ဝန်ကြီးချုပ်ဖြစ်လာ

  • 15 ဩဂုတ် 2014

အီရတ် ဝန်ကြီးချုပ် နောရီအဲလ်မာလစ်ကီဟာ မနေ့ညက ရာထူးကနေနုတ်ထွက်သွားခဲ့ပါပြီ။ သူ့နေရာမှာ အီရတ် ပါလီမန် ဒု ဥက္ကဌ ဟိုင်ဒါ အဲလ် အာဘာဒီက တာဝန်ထမ်းဆောင်ပြီး အားလုံး ပါဝင်တဲ့ ညီညွတ်တဲ့ အစိုးရဖွဲ့နိုင်ဖို့ ဆောင်ရွက်မှာပါ။ ဒါပေမယ့်နိုင်ငံမြောက်ပိုင်း အီရတ် ခါဒစ်စတန်မှာတော့ ယာဇီးဒီး ဒုက္ခသည် ထောင်ပေါင်းများစွာ ဘေးလွတ်ဖို့ ပြေးလာကြလို့ အကူအညီပေးရေး ပြဿနာတွေကြုံနေရပါတယ်။ ဝန်ကြီးချုပ်သစ် အတွက် အဲဒီ အရေးတွေကိုလည်း ရင်ဆိုင်ရမှာပါ။ အကြောင်းစုံကို ကိုကျော်စွာ က တင်ဆက် ပေးမှာပါ။