imran_khan_supporters_in_pakistan_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် အင်မရန်ခန်းရဲ့ ယာဉ်တန်း တိုက်ခိုက် ခံရ

  • 15 ဩဂုတ် 2014

ပါကစ္စတန် နိုင်ငံက ဂူဂျရမ်းဝါလား မြို့အနားမှာ အစိုးရ ဆန့်ကျင်တဲ့ ချီတက်ပွဲ အတွင်း အတိုက်အခံခေါင်းဆောင် တဦးဖြစ်တဲ့အင်မရန်ခန်း နဲ့ သူ့ယာဉ်တန်းကို တိုက်ခိုက် ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် နာဝပ်ရှာရစဖ် နုတ်ထွက်ပေးဖို့အတွက် ဖိအားပေးဖို့ အရင်က ခရစ်ကက် အကျော်အမော် ဖြစ်ခဲ့တဲ့ အင်မရန်ခန်းနဲ့ သူ့ထောက်ခံသူတွေက မြို့တော်အထိ ချီတက်လာကြတာ ဖြစ်ပါတယ်။

သူစီးလာတဲ့ ကားကို သေနတ်မှန်ပေမယ့် သူကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ အကြောင်းစုံကို မမေစန္ဒီက ပြောပြ ပေးမှာပါ။