ferguson
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖာဂတ်ဆင်မှာ အဓိကရုဏ်းတွေ ဆက်ဖြစ်

အမေရိကန်ပြည်ထောင်စု မစ်ဇူရီ ပြည်နယ်က ဖာဂတ်ဆင်မှာ မနေ့ညက အဓိကရုဏ်းတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ရဲတွေကို အပြင်းအထန် ပစ်ခတ်မှုတွေရှိခဲ့ပြီး လူ ၃၀ လောက်ကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီက ဆန္ဒပြသူတွေအတွင်း မှာ အကြမ်းဖက်လိုတဲ့ လူဆိုးသူဆိုးတွေပါ ဝင်ပေါင်းထားကြတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ အဲဒီက ၁၈ နှစ်အရွယ် လူငယ်တဦးကို ရဲက ပစ်သတ်ခဲ့တဲ့ နောက်မှာ အခုလို အဓိကရုဏ်းတွေ ဖြစ်လာ ခဲ့တာပါ။ အဲဒီက အခြေအနေတွေကို ကိုမိုးမြင့်က ပြောပြမှာပါ။