မိုဘီဂျီနို နဲ့ ဂလာ့စဂို GCU ကျောင်းသားများ

  • 26 ဩဂုတ် 2014
glasgow_students
Image caption GCU တက္ကသိုလ်

ဒီတစ်ပတ် အစီအစဉ်မှာတော့ ....

စကော့တလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂလာ့စဂိုမြို့လယ်မှာရှိတဲ့ ဂလာ့စဂို ကယ်လီဒိုးနီးယန်း တက္ကသိုလ်က မြန်မာကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးထားပါတယ်။

ဒေါက်တာဘွဲ့သင်တန်း ကျောင်းသား ကိုညီညီထွန်း နဲ့ ဆေးပညာ မဟာဘွဲ့ရ ကျောင်းသူ မဝတ်ရည်ဝင်းတို့က ဒီတက္ကသိုလ်အကြောင်းနဲ့ သူတို့ လေ့လာနေတဲ့ ပညာရပ်တွေအကြောင်း ဝေမျှပြောပြပေး ထားကြပါတယ်။

အစီအစဉ်ကို နားဆင်ရန်

မိုဘီဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation ( Mobi - Geno ) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc . co . uk ဖြစ်ဖြစ်၊ bbcburmese @ gmail . com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။