သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဓမ္မမှု ၁၄၀၀ တာဝန်ရှိသူများ လျစ်လျုရှု

27 ဩဂုတ် 2014 16:09 GMT နောက်ဆုံး ရေးသားသည်။

အင်္ဂလန် မြောက်ပိုင်းက ရော့သာဟမ်မှာ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၃ အတွင်းမှာ အရွယ်မရောက်သေးတဲ့ ကလေး သူငယ် ပေါင်း ၁၄၀၀ ထက်မနည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တခုမှာ ဆိုပါတယ်။ မတရားပြုကျင့် ခံရတဲ့ အထဲမှာ အသက် ၁၁ နှစ် အရွယ် မိန်းကလေးတောင် ပါတယ်လို့ ဆိုပါတယ်။ အဲဒီပြစ်မှုတွေကို ကျူးလွန်သူ အများစုဟာ ပါကစ္စတန် လူမျိုးတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အကြောင်းစုံကို ကိုကျော်စွာ ပြောပြပေးပါလိမ့်မယ်။