pakistan_floods
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါကစ္စတန်ရေကြီးမှု အခြေအနေဆိုးဝါး

  • 10 စက်တင်ဘာ 2014

ဒီရက်ပိုင်းမှာ ရေကြီးခဲ့တဲ့ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ အခု ရေကျသွားလို့ အဲဒိက ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ရေးတွေ သွားရောက် ကူညီနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပါကစ္စတန်နဲ့ အိန္ဒိယကြားက ဟိမဝန္တာဒေသမှာ မိုးကြီးလို့ ချန်နပ် မြစ်ရေလျှံခဲ့တာကြောင့် မြေသားတမံတွေပြိုကျပြီး ရွာတော်တော်များများ ရေလွှမ်းခဲ့ပါတယ်။ မြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြတဲ့ သူတွေကို တခြား ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ပါကစ္စတန် အာဏာပိုင်တွေက သတိပေးခဲ့ကြပေမယ့် လူတိုင်းတော့ သတိမပြုမိခဲ့ကြပါဘူး။ အကြောင်းစုံကိုတော့ ဦးမင်းထက်က ဆက်ပြောပြမှာဖြစ်ပါတယ်။