syria_refugee
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီမှာ ကာ့ဒ်ဒုက္ခသည်သိန်းချီရောက်နေ

  • 22 စက်တင်ဘာ 2014

အစ္စလမ်မစ်နိုင်ငံလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ IS တပ်တွေကြောင့် တူရကီနိုင်ငံထဲကို ဆီးရီးယားက ကာဒ် လူမျိုး ၁သိန်းသုံးသောင်း ထွက်ပြေးလာတဲ့နောက် တူရကီဘက်က နယ်စပ်ကို ပိတ်လိုက်ပါတယ်။ကာဒ်တွေ ထွက်ပြေးလာတာကို လက်ခံပေမယ့် လူ ၄သောင်း သေဆုံးခဲ့ရတဲ့ နှစ်၃၀ကြာ တူရကီတပ်နဲ့ ကာဒ်သူပုန်တွေရဲ့ ပြည်တွင်းစစ်ကြောင့် တင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ တချိန်ထဲမှာပဲ တူရကီဘက်က ကာဒ်တွေ ဆီးရီးယားနိုင်ငံထဲကို ပြန်ဝင်ပြီး IS တပ်တွေကို တိုက်ဖို့ ကာဒ်သူပုန်တွေနဲ့ ပူးပေါင်းမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။ ဦးကိုကိုအောင်က ဆက်ပြီး ပြောပြပါလိမ့်မယ်။