မိုဘီဂျီနို နဲ့ ရခိုင်လူငယ်

  • 24 စက်တင်ဘာ 2014

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption ကိုဟေမာန်ဦး

ဒီတစ်ပတ်မှာတော့ …

ယူကေအစိုးရက ပေးတဲ့ ချီးဗနင်း ပညာသင်ဆုနဲ့ မဟာဘွဲ့သင်တန်း တက်ခဲ့သူ မြန်မာ လူငယ်တစ်ဦးအကြောင်း တင်ဆက်ပေးထားပါတယ်။

ကိုချက်စတာမြို့က University of Essex တက္ကသိုလ်မှာ လူ့အခွင့်အရေး ဘာသာရပ်နဲ့ မဟာဘွဲ့ရထားသူကတော့ ရခိုင်ပြည်နယ်သား ကိုဟေမာန်ဦး ဖြစ်ပါတယ်။

ချီးဗနင်း စကောလားရှစ် အကြောင်းနဲ့ သူလေ့လာထားတဲ့ ဘာသာရပ်အကြောင်းကို ကိုဟေမန်ဦးက မိုဘီဂျီနို အစီအစဉ်မှာ ရှင်းပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစီအစဉ်ကို နားဆင်ရန်

မိုဘီ ဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation ( Mobi - Geno ) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။