ebola
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီဘိုလာ အာဖရိကအပြင်မှာ ကူးစက်ပြီ

  • 7 အောက်တိုဘာ 2014

အီဘိုလာ ရောဂါသည် သာသနာပြု ၂ ဦးကို ကုသပေးခဲ့တဲ့ စပိန်သူနာပြုတဦးဟာ အီဘိုလာ ရောဂါ ကူးစက် ခံလိုက်ရပါတယ်။

သူဟာ အနောက်အာဖရိက အပြင်ဘက်မှာ ပထမဆုံးအီဘိုလာ ကူးစက် ခံရသူ ဖြစ်လာပါတယ်။ အခု သူမရဲ့ ခင်ပွန်းသည် အပါအဝင် လူ ၄ ဦးကို ဆေးရုံပေါ်မှာ သီးသန့်ခွဲကုသနေပါတယ်။

အီဘိုလာအခုလို အာဖရိကတိုက်ကနေ အပြင်ကို စပြန့်လာတဲ့ အချိန်မှာပဲ ဂီနီ၊ လိုင်ဘေးရီးယား နဲ့ ဆီရဲရာလီယွန်း နိုင်ငံတွေဘက်မှာ အီဘိုလာကြောင့် လူပေါင်း ၃၀၀၀ သေကြခဲ့ရပြီးဖြစ်ပါတယ်။

အီဘိုလာ ရောဂါ တိုက်ဖျက်ရေး တွေမှာ ဝန်နဲ့ အားမမျှဖြစ်နေသလား။ အကြောင်းစုံကို ဦးကိုကိုအောင်က ပြောပြ ပေးပါလိမ့်မယ်။