kobane
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုဘာနီမြို့ အိုင်အက်စ် လက်ထဲ ကျတော့မယ်လို့ တူရကီ သမ္မတက သတိပေး

  • 7 အောက်တိုဘာ 2014

ဆီးရီးယားနဲ့ တူရကီ နယ်စပ်က ကိုဘာနီ မြို့ကို ထိုးစစ်ဆင်နေတဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အိုင်အက်စ် တပ်ဖွဲ့တွေကို အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း အိုင်အက်စ် တပ်တွေက တနင်္လာနေ့က စလို့ အဲဒီ မြို့ရဲ့ အရှေ့ပိုင်းနဲ့ အခုဆိုရင် အနောက်တောင်ဘက် နေရာတွေကို ရောက်လာနေပြီ ဖြစ်ပါတယ်။

ပြီးတော့ အိုင်အက်စ်တပ်တွေက မြို့ကို စီးမြင်ရတဲ့ မစ္စတဲန်နာ တောင်ကုန်းကို ရထားပြီး ကိုဘာနီမြို့ကိုလည်း ၃ ဘက် ၃ တန်က ထိုးစစ်ဆင် နေကြပါတယ်။ အဲဒီက အခြေအနေတွေ ကိုကျော်စွာ ပြောပြပေးမှာပါ။