india
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကရှ်မီးယားမှာ အိန္ဒိယ နဲ့ ပါကစ္စတန်တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်

  • 9 အောက်တိုဘာ 2014

အိန္ဒိယနဲ့ ပါကစ္စတန် တို့ အကြား အငြင်းပွားနေတဲ့ ကက်ရှမီးယား ဒေသမှာ နှစ်နိုင်ငံ တပ်ဖွဲ့တွေရဲ့ ဆယ်စုနှစ် တခုအတွင်း အဆိုးဆုံး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု တွေကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး သွားပါတယ်။

အဲဒီဒေသတွင်းမှာ နေထိုင်သူတွေလည်း နေအိမ်တွေကို စွန့်ခွာလို့ ဘေးလွတ်ရာကို ပြေးသွား ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ရရှိထားခဲ့တဲ့ နှစ်နိုင်ငံ အကြားအပစ်ရပ် သဘောတူညီချက်က ဆက်လက်ရှိနေဆဲပါ။ အခု ပစ်ခတ်မှုတွေကိုတော့ သူစတယ် ကိုယ်စတယ်နဲ့ နှစ်နိုင်ငံစွပ်စွဲ နေပါတယ်။

အဲဒီက အခြေအနေတွေကို ကိုကျော်စွာ က ပြောပြ ပေးမှာပါ။