us ebola
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် ကျန်းမာရေးလုပ်သား နောက်တဦး အီဘိုလာကူးစက်ခံရ

  • 15 အောက်တိုဘာ 2014

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ အီဘိုလာ ရောဂါ နဲ့ကွယ်လွန်သွားခဲ့တဲ့ လိုင်ဘေးရီးယား လူမျိုးကို ကုသပေးခဲ့သူတွေထဲက ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်းမှာ အီဘိုလာ ကူးစက် ခံထားရတာကိုစစ်ဆေး တွေ့ရှိခဲ့ပါတယ်။ တဘက်မှာလည်း ကုလသမဂ္ဂ အီဘိုလာ ရောဂါဆိုင်ရာ အကြီးအကဲက အီဘိုလာကို ကုသရေးတွေမှာ တော်တော်နောက်ကျနေပြီလို့ ပြောလိုက်ပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က ပြောပြမှာပါ။