hong_kong
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟောင်ကောင်ဆန္ဒပြပွဲ အခြေအနေတင်းမာ

  • 17 အောက်တိုဘာ 2014

အခု အသံလွှင့်နေတုန်းမှာပဲ ရရှိတဲ့ သတင်းတွေအရ ဟောင်ကောင်မှာတော့ ရဲတွေက ရှင်းလင်းပြစ်ခဲ့တဲ့ သပိတ်စခန်း နေရာတွေကို ဒီမိုကရေစီရေး ဆန္ဒပြသူတွေက ပြန်ယူဖို့ ကြိုးစားလို့ ထိပ်တိုက်တွေ့နေပါပြီ။ ရဲတွေက ငရုတ်ရည်ဗူးတွေ နံပါတ်ဒုတ်တွေ သုံးပြီး တုံ့ပြန်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး တွေ့ဆုံဆွေးနွေးဖို့ ကျောင်းသားခေါင်းဆောင်တွေဖက်က သဘောထား ကြေငြာချက် ထုတ်ပြန်ထားချိန်မှာ အခုလို နှိမ်နင်းခံရတာပါ။ ရုန်းရင်းဆန်ခတ် မဖြစ်ခင်က အခြေအနေတွေ ဘယ်လို တင်းမာနေခဲ့သလဲ ဆိုတာကို ကိုကျော်စွာ ပြောပြ ပါလိမ့်မယ်။