မိုဘီဂျီနို နဲ့ ဂျပ်စမင်

  • 7 နိုဝင်ဘာ 2014

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဓာတ်ပုံ မူပိုင် jasmin
Image caption တီဗီအစီအစဉ်တစ်ခုမှာတွေ့ရတဲ့ ဂျပ်စမင် (ယာ)

ဒီတပတ်မှာတော့ ...

ထိုင်းနိုင်ငံက ရုပ်မြင်သံကြားလိုင်းတချို့မှာ သီချင်းဆိုနေတဲ့ မြန်မာဆယ်ကျော်သက် လူငယ် တစ်ဦးအကြောင်း တင်ဆက်ပေးထားပါတယ်။

အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ဒီမိန်းကလေးရဲ့ နာမည်ကတော့ Jasmin AP ဆိုပြီး ထိုင်း တီဗီအစီအစဉ်တချို့နဲ့ Youtube ဗီဒီယို ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။

သူဟာ ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူအနီး၊ ဆန်ခလဘူရီမြို့ကလေးက ဖြစ်ပါတယ်။

Youtube မှာ သူကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုထားတဲ့ ဗီဒီယိုတွေကို တင်လိုက်ရာက တီဗီအစီအစဉ်တွေက သူ့ကို သတိထားမိလာတာလို့ ဂျပ်စမင်က ပြောပါတယ်။

ထိုင်းလို ဆိုထားတဲ့ သူ့သီချင်းတစ်ပုဒ်ဟာ လပိုင်းအတွင်းမှာပဲ ကြည့်တဲ့သူ တစ်သန်း ကျော်သွားပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ