မိုဘီဂျီနို နဲ့ သတင်းထောက်ကျောင်းသူ

  • 4 နိုဝင်ဘာ 2014

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption ၁၄ နှစ်အရွယ် ခရစ္စတီးနား

မကြာခင်တုန်းကပဲ လန်ဒန်မြို့ ဝမ်ဘလေကွင်းကြီးမှာ ကျင်းပတဲ့ Radio 1 Teen Awards လူငယ် ထူးချွန်သူတွေကို ဆုပေးတဲ့ ပွဲမှာ နာမည်ကျော်တွေကြား မြန်မာကျောင်းသူ ခရစ္စတီးနားနဲ့ သူ့သူငယ်ချင်း ဆာရာ တို့နှစ်ဦး သတင်းသွားယူပါတယ်။

လန်ဒန်မြို့မှာ ကျောင်းတက်တဲ့ အသက် ၁၄ နှစ်အရွယ် ခရစ္စတီးနားဟာ BBC News School Report အစီအစဉ်ကနေ သတင်းယူခဲ့တာ ဖြစ်ပါတယ်။

BBC News School Report ဆိုတာက ကျောင်းသားတွေ ပေးပို့တဲ့ ဘီဘီစီရဲ့ သတင်းအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အသံတွေကို ပိုကြားနိုင်အောင် လုပ်ပေးတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ယူကေမှာရှိတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အတွင်း ကျောင်းသားတွေ ပါဝင်လို့ရပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ယူကေက စုစုပေါင်း စာသင်ကျောင်း ၁၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

ခရစ္စတီးနားက သူသတင်းယူရတဲ့ အတွေ့အကြုံတွေနဲ့ School Report အစီအစဉ်အကြောင်းကို ပြောပြထားပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

BBC Radio 1 ရဲ့ Teen Awards မှာ ခရစ္စတီးနား သတင်းယူနေတဲ့ ဓာတ်ပုံများကို ကြည့်ရန်

မိုဘီ ဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။