ebola
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီဘိုလာတိုက်ဖျက်ဖို့ လိုအပ်ချက်တွေရှိ

  • 6 နိုဝင်ဘာ 2014

ကုလသမဂ္ဂရဲ့ အနောက် အာဖရိက နိုင်ငံတွေမှာ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အကြီးအကဲတိုနီ ဘန်ဘာရီက သူတို့ဆီမှာ ရောဂါတိုက်ဖျက်ရေး အတွက် အစစအရာရာမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

ဆီရဲယာ လီယွန်းမှာ ဗြိတိန်က အီဘိုလာ ကုသရေး စင်တာ ၆ ခုဖွင့်ပြီး မကြာခင်မှာဘဲ အခုလို ပြောလိုက်တာပါ။

ဒီလို ကုသရေး စခန်း သစ် ၆ ခုဖွင့်ထားပေမယ့် ရောဂါတိုက်ဖျက်ရေး အတွက် ဝန်နဲ့အား မမျှဖြစ်နေပါတယ်။

ဆီယဲရာလီယွန်းမှာ ဘီဘီစီက မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကို ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။