mexico
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပျောက်ဆုံး ကျောင်းသားတွေအတွက် မက္ကဆီကိုမှာ ဆန္ဒပြကြ

  • 21 နိုဝင်ဘာ 2014

မက္ကဆီကိုနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ လက ပျောက်ဆုံးသွားခဲ့တဲ့ကျောင်းသား ၄၃ ဦးအတွက် အစိုးရက ပိုပြီး ကြိုးပမ်းဆောင်ရွက်ဖို့ မြို့တော် မက္ကဆီကို စီးတီးမှာ လူ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ကျောင်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေက ဦးဆောင်ခဲ့ကြတာတာပါ။

အဲဒီကျောင်းသားတွေကို မူးယစ်ဂိုဏ်းတွေနဲ့အဆက်အစပ် ရှိတဲ့ ရဲတွေက ဖမ်းသွားခဲ့တာလို့ သိရပါတယ်။

မက္ကဆီကို တရားသူကြီးချုပ်ကတော့ သူတို့အားလုံးသေဆုံးသွားခဲ့ပြီလို့ ပြောနိုင်တဲ့ခိုင်လုံတဲ့ အထောက်အထားတွေရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုမိုးမြင့်က ပြောပြမှာပါ။