သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 22 နိုဝင်ဘာ 2014

အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ အကောင်အထည်ဖော်နိုင်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မကြာခင်က ပြောခဲ့ပါတယ်။

သူက အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်မှာ ဆွေးနွေးမှုတွေ လုပ်သွားမယ်။ ၂၀၁၅ ခုနှစ် မေလမှာလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ်လို့ဆိုပါတယ်။ ဘယ်ပုဒ်မကို ပြင်ဖို့အတွက် ဆန္ဒခံယူပွဲ ပြုလုပ်မယ်လို့တော့ မပြောပါဘူး။

တခါတည်းဆက်ပြောတာကတော့ ၂၀၁၅ မေလမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြုလုပ်မှာ ဖြစ်ပေမဲ့ လူထုရဲ့ သဘောထားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပတ်ဝန်းကျင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင်မှာတော့ အကောင်အထည်ဖော်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲပြီးတဲ့နောက် နောက်အစိုးရလက်ထက်ကျမှပဲ အကောင်အထည်ဖော်နိုင်မယ်လို့ ဆိုသွားတာဖြစ်ပါတယ်။

ဒီတော့ ၂၀၁၅ နောက်မှ အခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့အတွက်ကြောင့် ရွေးကောက်ပွဲရဲမျှတမှုအပေါ်မှာ ထိခိုက်စရာတွေ ရှိနိုင်မလား။ ရှေ့ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ များ ဖြစ်နိုင်မလဲဆိုတာတွေကို ဒီနေ့ကျနော်တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။