အသစ်ပြန်စမယ့် ငြိမ်းချမ်းရေး

  • 27 နိုဝင်ဘာ 2014
MPC ဓာတ်ပုံ မူပိုင် MPC
Image caption ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည် စတင်မည်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စနိုင်ဖို့ အစိုး ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဖွဲ့ NCCT ကနိုင်ဟံသာဦးဆောင်တဲ့အဖွဲ့နဲ့ လာ ရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မတိုင်ခင်တွေ့နိုင်ဖို့ကို နှစ်ဖက်လုံးက ယေဘုယျ သဘောတူ ထားကြ ပါတယ်။

ကေအိုင်အေ ဌာနချုပ်မှာ တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုကြောင့် ဆွေးနွေးပွဲကို ရိုက်ခတ်မှုရှိပေမယ့် ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကို တိုင်းရင်းသားအားလုံးက လက်ခံထားပါတယ်။

အစိုးရဘက်က လိုက်လျောမှုတွေ အများအပြားပါတဲ့ ဆက်လက်ဆွေးနွေးရေး သဘောထား တရပ်ကို ဦးလှမောင်ရွှေက သယ်ယူလာခဲ့တယ်လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒါပေမဲ့ အဲဒီသဘောထားတွေကို အစိုးရနဲ့ စစ်တပ်နဲ့ သဘောတူပြီးသားတော့ မဟုတ်ဘူးလို့ ဦးလှမောင်ရွှေတို့ဘက်က ပြောကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒါ့ကြောင့် အစိုးရနဲ့ စစ်တပ်နဲ့ အရင်ညှိနှိုင်းစေလိုကြောင်း NCCT ဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဦးလှမောင်ရွှေခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အလွတ်သဘော ထပ်မံတွေ့ဆုံဖို့လည်း ရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။