Hong Kong protest
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တကျော့ပြန်လာတဲ့ ဟောင်ကောင် ဆန္ဒပြပွဲ

  • 1 ဒီဇင်ဘာ 2014

ဟောင်ကောင်က လမ်းတွေကိုရဲတွေ ပြန်ဖွင့်ပြီးနောက် ဆန္ဒပြပွဲတွေဟာ အရှိန်ပြင်းလာပါတယ်။ ဆန္ဒပြသူတွေကို ရဲတွေက မျက်နှာကို ငရုတ်ကောင်းရေမှုတ်ဆေး နဲ့ ဖြန်းတာ၊ ရိုက်နှက်တာနဲ့ မီးသတ်ပိုက်သုံးပြီးလူစုခွဲ ကာ နှိမ်နှင်းခဲ့တာဖြစ်ပါတယ်။ ခုချိန်ထိ လူ၄၀ ကို ဖမ်းဆီးထိန်းသိမ်းထားရပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လွန်းက ဆန္ဒပြတဲ့နေရာတွေကို ဒီညပြန်မလာဖို့ သတိပေးခဲ့ပါတယ်။ အဲဒိက အခြေအနေတွေကိုတော့ ကိုမင်းထက် ကပြောပြပါလိမ့်မယ်။