လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 3 ဒီဇင်ဘာ 2014

ဒီဇင်ဘာလ ၃ ရက်နေ့ကို နိုင်ငံတကာမသန်စွမ်းသူများနေ့လို့ သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပနေပေမယ့် မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲ လို့ မသန်စွမ်းသူတွေက ပြောကြပါတယ်။ ဒီတော့ မသန်စွမ်းသူများအပေါ် မြန်မာ့လူမှု အသိုင်းအဝိုင်း က ထားတဲ့ သဘောထားတွေ ၊ ပြုမူဆက်ဆံပုံ တွေ ဘယ်လောက် အထိ ပြောင်းလဲဖို့ လိုနေပါသလဲ။ သောတရှင်တို့ရဲ့ အတွေ့အကြုံ အယူအဆတွေကို လာမယ့် ဒီဇင်ဘာလ ၆ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့အနေနဲ့ 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ် ကို ဖြစ်ဖြစ် ဆက်သွယ် နိုင်ပါတယ်။

ဘီဘီစီ ဘာမီးစ် ဖေ့ဘုတ်က မက်ဆေ့ချ်ဘောက်စ်မှာ မိမိနာမည်၊ တယ်လီဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်၊ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပေးပို့ရင် ဘီဘီစီက ပြန်ခေါ်ပေးမှာ ဖြစ်ပါတယ်။

အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင် burmese@bbc.co.uk, bbcburmese@gmail.com တို့ကို ဆက်သွယ်ပြီး အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။