သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - ဆိုက်ဘာ စစ်ပွဲ

  • 5 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် SFL
Image caption Cyber War အကြောင်း တင်ဆက် ပေးထား ပါတယ်

နှစ်သစ် တခု ရောက်လေတိုင်း နည်းပညာ အသစ် အဆန်းတွေ ကလည်း တိုးလား စမြဲမို့ အခုတော့ လာမယ့် အ နာဂတ် ကာလမှာ ပြောင်းလဲ လာ တော့မယ့် စစ်ပွဲ ပုံစံတွေ အကြောင်း တင်ဆက် ပေးမှာပါ။ ၂၀၁၄ မကုန်ခင် ဒီဇင်ဘာလ ထဲမှာ ဟောလီးဝုဒ်က ဆိုနီ ရုပ်ရှင် ကုမ္ပဏီ ဆိုက်ဘာ တိုက်ခိုက် ခံရပြီး ရုံတင် ခါနီး ရုပ်ရှင် တကားနဲ့ ပတ်သက်ပြီး ကမောက် ကမတွေ ဖြစ်ခဲ့ ရာမှာ အမေရိကန် သမ္မတ အိုဘားမားပါ ဒီကိစ္စမှာ ဝင်ပြော ရတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။ ဒီတော့ ဆိုက်ဘာ တိုက်ခိုက် မှုတွေ ဆိုတာက ဘာကို ဆိုလိုတာ ပါလဲ။ တနည်း အားဖြင့် အင်တက်နက် စစ်ပွဲ လို့ အလွယ် ခေါ်လို့ ရနိုင်မယ့် Cyber War ဆို တဲ့ အကြောင်း ဖြစ်ပါတယ်။ ကူးလ်တက် နည်းပညာ ကမ္ဘာထဲ ကနေ လေ့လာ တင်ဆက် ထားပါတယ်။