daw_suu_tourism_school
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်

  • 6 ဇန်နဝါရီ 2015

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာ လကုန်နဲ့ နိုဝင်ဘာ လဆန်းလောက်မှာ ကျင်းပမယ်လို့ ကော်မရှင်က ကြေငြာထားပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံက အထင်ရှားဆုံး နိုင်ငံရေးခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားက ဘယ်လို ရှိပါသလဲ။ ပြည်တွင်း မဲဆန္ဒရှင်တွေကြားမှာ ထောက်ခံမှုတွေ အခိုင်အမာ ရရှိထားပေမယ့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတ ဖြစ်နိုင်မယ့် အခွင့်အလမ်း မရှိသေးပါဘူး။ ဒီအပေါ်မှာ သူမရဲ့ အမြင်က ဘယ်လိုပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ကို ဒေါ်စု သွားရောက်ချိန်မှာ ဘီဘီစီက သီးသန့် လိုက်ပါ သတင်းယူခွင့် ရခဲ့ပါတယ်။ မဲဆန္ဒ နယ်မြေအတွင်းမှာ သူမ လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို သူမ ဘယ်လို ပုံဖော် မျှော်လင့်ထားလဲ ဆိုတာကို ဘီဘီစီက ဂျိုနာ ဖစ်ရှာက တင်ဆက်ပေးထားပါတယ်။