သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 17 ဇန်နဝါရီ 2015

ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုဟာ ရန်ကုန်မြို့နေလူထု နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြသနာ ဖြစ်ပါတယ်။

ကုန်းကျော်တံတားတွေ ဆောက်ပေမယ့်လည်း ယာဉ်ပိတ်ဆို့မှုတွေက ရှိနေဆဲပါ။

ဒီလို ယာဉ်ကြောပိတ်ဆို့မှု ပြသနာကို ဘယ်လို အကောင်းဆုံး ဖြေရှင်းနိုင်မလဲ။

ဇန်နဝါရီလ ၁၇ ရက်နေ့ သောတရှင်တို့ရဲ့ သဘောထားအမြင်တွေကို ဆွေးနွေးကြခဲ့ရာမှာ သောတရှင်တွေနဲ့အတူ

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ကျင်းပခဲ့တဲ့ အများပြည်သူသွားလာမှု အဆင်ပြေရေး အလုပ်ရုံဆွေးနွေးပွဲတွေမှာ ဉီးဆောင်ဆွေးနွေးခဲ့သူတဉီးဖြစ်တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင် နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီ အရှေ့ပိုင်းခရိုင် တတ်သိပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာစိုးထွန်း တို့ပါဝင်ဆွေးနွေးခဲ့တာကို နားဆင်နိုင်ပါတယ်။