greece
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂရိရွေးကောက်ပွဲ ခြိုးခြံရေးကို မလိုလားသူတွေ အနိုင်ရ

  • 26 ဇန်နဝါရီ 2015

ဂရိနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ဝဲစွန်း ဆီရီဇာ ပါတီက အနိုင်ရရှိသွားခဲ့ပါပြီ။ အဲဒီပါတီဟာ နိုင်ငံတကာက ကြွေးမြီတွေနဲ့ ပတ်သက်လို့ ပြန်လည် ပြင်ဆင်သွားမယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

ပါလီမန်က အမတ်နေရာ ၃၀၀ မှာ ဆီရီဇာက ၁၄၉ နေရာ နိုင်ခဲ့တာဖြစ်ပြီး လုံးဝ အားသာဖို့အတွက် နဲနဲလေးပဲ လိုနေတာပါ။ အဲဒါကြောင့် အခု လက်ယာ ပါတီငယ်လေး တခုဖြစ်တဲ့ ဂရိ လွတ်လပ်ရေးပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့တော့မှာဖြစ်ပါတယ်။

အရင်အာဏာရအစိုးရရဲ့ ဒီမိုကရေစီသစ်ပါတီကတော့ ၇၆ နေရာပဲနိုင်ခဲ့တာပါ။ တတိယအကြီးဆုံးပါတီဖြစ်တဲ့ ရွှေအရုဏ်ဦးကတော့ ၁၇ နေရာရခဲ့ပါတယ်။

အဲဒီ ရလဒ်ကြောင့် ဂရိကို ငွေတွေထုတ်ချေးထားတဲ့ ဥရောပ သမဂ္ဂရဲ့ ခြိုးခြံခြွေတာရေး အစီအမံတွေ အပေါ်မှာ အကျိုး သက်ရောက်မှု ကြီးကြီးမားမားတွေလည်း ရှိလာနိုင်ပါတယ်။ အခြေအနေတွေကို ဦးမောင်မောင်သန်းက ပြောပြပေးပါလိမ့်မယ်။