မိုဘီဂျီနို နဲ့ ဘရိတ်ဒန့်စ်ကသူ

  • 27 ဇန်နဝါရီ 2015
Oscar Maung
Image caption ကိုအော်စကာမောင်

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ လန်ဒန်မြို့မှာ တက္ကသိုလ်တက်ရင်း ဘရိတ်ဒန့်စ်ကနေတဲ့ မြန်မာလူငယ်တစ်ဦးနဲ့ တွေ့ဆုံစကားပြောထားတာကို တင်ဆက်ပေးထားပါတယ်။

Breakdance အကကို မြန်မာပြည်မှာ Underground အကလို့လည်း ခေါ်ကြတယ်။ အခုနောက်ပိုင်း ခေတ်တွေမှာ HipHop သီချင်းတွေနဲ့အတူ တွဲပြီး တွေ့ရလေ့ရှိတဲ့ အကမျိုးလည်း ဖြစ်ပါတယ်။

ဒီအကအကြောင်းကို လန်ဒန်တက္ကသိုလ်ရဲ့ ဘရိန်ဒန်စ်အဖွဲ့မှာ ဝါသနာအရ ကနေတဲ့ ကိုအော်စကာမောင်နဲ့ မိုဘီဂျီနို အစီအစဉ်မှာ တွေ့ဆုံ စကားပြောထားတာကို နားဆင်နိုင်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ Red Bull BC One ဘရိတ်ဒန့်စ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးက ပုံတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
ဓာတ်ပုံ မူပိုင် AP
ဓာတ်ပုံ မူပိုင် AP

မိုဘီ ဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ