auschwitz
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောက်ရှ်ဗစ္စစခန်းက လွတ်မြောက်ခဲ့တာ နှစ် ၇၀ ပြည့်

  • 27 ဇန်နဝါရီ 2015

ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ပိုလန်မှာ နာဇီ ဂျာမနီရဲ့ အောက်ရှ်ဗစ္စ ဆိုတဲ့ အကြီးဆုံး အကျဉ်းစခန်းကြီး ရှိခဲ့ပါတယ်။ အဲဒီ စခန်းမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေကို ဆိုဗီယက် တပ်ဖွဲ့တွေက ကယ်တင် ပေးနိုင်ခဲ့တာဟာ ဒီနေ့ဆို နှစ်ပေါင်း ၇၀ တင်းတင်းပြည့်ပါပြီ။

အဲဒီ အကျဉ်းစခန်းမှာ ဂျူးလူမျိုး အများစု အပါအဝင် လူပေါင်း ၁ သန်းမက သတ်ဖြတ်ခံခဲ့ရတာပါ။ အဲဒီ အကျဉ်းစခန်းမှာ ထိန်းသိမ်းခံထား ရသူတွေထဲက တချို့ ကတော့ ဒီလွတ်မြောက်တဲ့ နေ့ ရောက်တိုင်း အဲဒီစခန်းကို အောက်မေ့ဖွယ်အဖြစ် ပြန်လာကြပါတယ်။ အဲဒီအချိန်က အဖြစ်အပျက်တွေအကြောင်း ကိုမိုးမြင့်က ပြောပြမှာပါ။