သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 31 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Democracy Education Movement Committee

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ဆွေးနွေးဖို့ တောင်းဆိုချက်ကို အစိုးရက မတုန့်ပြန်ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီးတဲ့ နောက်မှ ဆွေးနွေးမယ်လို့ ပြောလာခဲ့ပါတယ်။ ဒီတော့ စောစောပိုင်းကတည်းက ပြေလည်အောင် မဆွေးနွေးခဲ့တာ ဘာကြောင့်လဲ အခု ဆွေးနွေးကြတဲ့ အခါမှာကော နှစ်ဘက် လက်ခံနိုင်မယ့် အဖြေရအောင် ဘယ်လို လုပ်နိုင်မလဲ သောတရှင်တို့ရဲ့ အမြင်သဘောထားတွေကို ဇန်နဝါရီလ ၃၁ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးခဲ့ရာမှာ သောတရှင်တွေနဲ့အတူ NNER အဖွဲ့ဝင် ပုသိမ်တက္ကသိုလ် သမိုင်းဌာန ကထိက ဆရာဉီးသန်းထိုက်အောင်၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မီတီ တိုင်းရင်းသားရေးရာကော်မီတီဝင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုဉီးဆောင်ကော်မီတီဝင် ကိုနန္ဒာစစ်အောင် နဲ့ အလုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးခိုင်မောင်ရည် တို့ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။