Union Parliament
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 5 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် နာယက ဦးခင်အောင်မြင့်

၂၀၀၈အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လူထု ဆန္ဒခံယူပွဲလုပ်တဲ့အခါ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆိုင်သူတွေကို မဲပေးခွင့်ပြုဖို့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဆိုကို ထောက်ခံသူတွေ ရှိသလို ကန့်ကွက်မှုတွေလည်း ရှိပါတယ်။ ဒီတော့ ဝှိုက်ကတ်လို့ခေါ်တဲ့ ယာယီကဒ်ပြား ကိုင်ဆိုင်သူတွေကို ဆန္ဒခံယူပွဲအပါအဝင် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ပြုသင့်ပါသလား။ ။ ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စောဝေ ကြံ့ခိုင်ရေးပါတီ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဉီးရွှေမောင် လူ့အခွင့်အရေး ရှေ့နေ ဉီးရောဘတ် စန်းအောင်တို့ ပါဝင်ဆွေးနွေး ထားပါတယ်။