သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - ကွန်ပျူတာ ဦးနှောက်

  • 6 ဖေဖော်ဝါရီ 2015
Image caption အပူထွက်နှုန်း နည်းတဲ့ ပန်ကာ မလို အပါးစား Core M ဆိုတဲ့ ဦးပျူတာ ဦးနှောက်

လူတွေမှာ ဉာဏ်ရည်ကွာ ခြားမှု အလိုက် တဦးနဲ့ တဦး တတ်သိ နည်းလည်မှုနဲ့ အတူ စွမ်းဆောင်ရည် အပိုင်းမှာ ကွာခြား မှုရှိတွေ ရှိကြပါတယ်။ ကွန်ပျူတာ တွေမှာလည်း အလားတူပါပဲ။ ဒီတော့ ကွန်ပျူတာ တလုံးရဲ့ စွမ်းရည်ကို ဘာနဲ့ တိုင်းတာ နိုင်ပါလဲ။ များစွာသော အချက်တွေ အထဲက အဓိက အကျဆုံး အပိုင်း ကတော့ တွက်ချက် မှုတွေ ဆောင်ရွက် ပေးရတဲ့ ပရိုဆက်ဆာ (ခ) စီပီယူ ဆိုတဲ့ ကွန်ပျူတာ ဦးနှောက် အပိုင်းပဲ ဖြစ်ပါတယ်။

ပရိုဆက်ဆာ ဆို့တဲ့ အပိုင်း ဘယ်လို တိုးတက် ပြောင်းလဲ လာသလဲ ဆိုတာ လေ့လာကြည့်မှာ ဖြစ်သလို၊ ပရိုဆက်ဆာ ဘုရင် လို့ခေါ်တဲ့ အင်တဲလ် ကုမ္ပဏီရဲ့ နောက်ဆုံး ထုတ် Core M ပရိုဆက်ဆာ ကနေ ဘယ်လို တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာ နိုင်မလဲ ဆိုတာ လေ့လာ တင်ဆက်ထားပါတယ်။