သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 7 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP

မြန်မာနိုင်ငံမှာ ပြစ်မှုနဲ့ မသင်္ကာသူတွေကို စစ်ဆေးရာမှာ ရဲက အာဏာကို အလွန်အကျွံ သုံး၊ ညှင်းပန်းနှိပ်စက်ပြီး အတင်းအဓ္ဓမ ဝန်ခံခိုင်းတဲ့ သာဓကတွေ တွေ့နေရပါတယ်။

လူထုရဲ့ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေတဲ့ အဲဒီလို အာဏာအလွဲသုံး ပြုမူသူတွေကို ထိထိရောက် ရောက်အရေးယူတာမျိုးတွေလည်း မတွေ့ရပါဘူး။

ဒီလို အရေးမယူတာ ဘာကြောင့်လဲ

ရဲတွေအပေါ် လူထုယုံကြည်မှု ပြန်ရရှိအောင် အာဏာပိုင်တွေဘက်က ဘာတွေ ဆောင်ရွက်သင့်ပါသလဲ

သောတရှင်တွေရဲ့ အတွေ့အကြုံ အမြင်သဘောထားတွေကို ဒီကနေ့ဆွေးနွေးကြမှာပါ။ သောတရှင်တွေနဲ့အတူ

အာရှလူ့အခွင့်အရေးကော်မရှင်က ဉီးမင်းလွင်ဉီးနဲ့ တရာရုံးချုပ်ရှေ့နေ ကြီး ဉီးသန်းစိုး တို့ ပါဝင်ဆွေးနွေးထားတဲ့ ဆွေးနွေးခန်းကိုနားဆင်နိုင်ပါတယ်။