HSBC bank
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

HSBC ဘဏ် မသမာမှု စုံစမ်းတွေ့ရှိ

  • 9 ဖေဖော်ဝါရီ 2015

ကမ္ဘာ့ထိပ်သီး ဘဏ်ကြီးတခုဖြစ်တဲ့ HSBC ဘဏ်က ငွေစုတဲ့ဖောက်သည်တွေကို ဒေါ်လာ သန်းချီတန်တဲ့ အခွန်ရှောင်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဆွီဇာလန်မှာရှိတဲ့ HSBC ရဲ့ ပုဂ္ဂလိကဘဏ်မှာရှိတဲ့ ဘဏ်စာရင်းထောင်ချီ ဖွင့်ချ တိုင်တန်းခံရပါတယ်။ အဲဒီစာရင်းတွေအရ ဘဏ်ဝန်ထမ်းတွေဟာ ဖောက်သည်တချို့ရဲ့ အခွန်ကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်ပေးနေပြီး ဥပဒေကို ရှောင်ကွင်းနိုင်အောင် ကူညီနေတယ်လို့ ဆိုပါတယ်။ စာရင်းတွေက ၂၀၀၇ခုနှစ်တုန်းက စာရင်းတွေပါ။ HSBC ဘဏ်ကတော့ တချို့လူတွေဟာဘဏ်ရဲ့ သတင်းအချက်အလက် လျှို့ဝှက်ထားခွင့်ကို အသုံးချပြီး ငွေစာရင်းတချို့ကို ထုတ်ဖော်ကြေညာခြင်းမရှိဘူး ဆိုတာဝန်ခံပါတယ်။ အခုတော့ ဒါကို ပြောင်းလိုက်ပြီလို့လဲ ပြောပါတယ်။ အသေးစိတ်ကို ဦးကိုကိုအောင်ကို ပြောပြထားပါတယ်။