မိုဘီဂျီနို နဲ့ Punk Rocker

  • 14 ဖေဖော်ဝါရီ 2015

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption Will Tun (ခ) ရဲရဲ

ဒီတပတ်မှာတော့ အင်္ဂလန်က မြန်မာလူငယ်တစ်ဦးအကြောင်းနဲ့ သူ့ရဲ့ Punk Rock သီချင်းတချို့ကို တက်ဆက်ပေးထားပါတယ်။

မြန်မာပြည်မှာ မွေးပြီး အင်္ဂလန်မှာ ကြီးတဲ့ ကိုရဲအောင် (ခ)ရဲရဲဟာ သူငယ်ချင်းတွေနဲ့ စုပြီး ဂီတအဖွဲ့တစ်ခု တည်ထောင်ထားပါတယ်။ အဖွဲ့နာမည်က Will Tun & The Wasters လို့ ခေါ်ပါတယ်။

ယူကေနဲ့ ဥရောပနိုင်ငံတချို့မှာလည်း သူတို့အဖွဲ့က ဖျော်ဖြေရေးခရီးတွေ ထွက်နေပြီး မကြာခင်မှာတော့ သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ်တစ်ခု ထွက်ဖို့လည်း ပြင်နေကြပါတယ်။

ကိုရဲရဲရဲ့ သီချင်းတွေ နဲ့ သူတို့အဖွဲ့အကြောင်းကို မိုဘီဂျီနို အစီအစဉ်မှာ နားဆင်နိုင်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် Will Tun
Image caption Will Tun & The Wasters
ဓာတ်ပုံ မူပိုင် Will Tun
Image caption Will Tun & The Wasters

မိုဘီဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဖြစ်ဖြစ်၊ bbcburmese@gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။ အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။